ကုန်သွယ်မှုသတင်းများ
ရွှေဘိုခရိုင်အနေဖြင့် စပါးကို အဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းသောဒေသများတွင် ပဲ၊ ပြောင်းသီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစင်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့်သော်လည်းကောင်း စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ (၅၄)တင်းခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိ

အမေရိကန်နှင့် တရုတ်ကြား မည်သည့်ကုန်သွယ်ရေးစစ်ပွဲမှမဆို ထိုင်းနိုင်ငံစီးပွားရေးအကျိုးကျေးဇူးရရှိကြောင်းနှင့် ထိုနှစ်နိုင်ငံလုံးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichi Naripthaphan က (၇.၁၁.၂၀၂၄) ရက်နေ့က ပြောကြားခဲ့သည်။ Mr.Pichai က ကုန်သွယ်ရေးစစ်ပွဲဖြစ်ပါက အမေရိကန်သည် တရုတ်ကုန်ပစ္စည်းများတင်သွင်းမှုကိုလျော့ချမည်ဖြစ်ပြီး ထိုင်းကုန်ပစ္စည်းများအားအစားထိုးနိုင်ကြောင်း၊ ထို့ကြောင့်ထိုင်းမှအမေရိကန်သို့တင်ပို့မှုမြင့်တက်နို

ရွှေဘိုခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးမြေပဲကို (၇၃၉၀၅)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၄၂)တင်းခန့်ထွက်ရှိကြောင်း၊ မိုးမြေပဲကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၃၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/ (၆၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းများနှင့် တောင်ယာများတွင် သီးပင်၊စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ စိမ်းစားဥပင် များကိုလည်း စိုက်ပျိုးထားပါသည်။ စိမ်းစားဥပင်များကို ဆောင်းရာသီတွင် နုံးမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးသည့်အခါ မြေကြီးကို ကောင်းစွာညက်လာစေရန် ထွန်ယက်ပြီး ထယ်ကြောင်းပေး၍ အစေ့များကို ခပ်ထူထူစိုက်ပျိုးရသည်။ ဥများ ကောင်းစွာကြီးထွားရန်အတွက် ၅ လမှ ၆လ အထိကြာပြီး အပင်အို၍ ညှိုး