ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Nov 2024

               ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် ဝင်ရောက်လာခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့်  မင်းတုန်း၊ ကံမဖက်မှ ဝင်ရောက်ခဲ့ကြပြီး တစ်ရက်အဝင်အိတ် (၂၀၀/ ၃၀၀) ကျော်ရှိခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ (၂၀) တစ်တင်း ၇၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ် အတွင်းအရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးကွက်မှာ ယခုနှစ်အတွင်း အခြားပဲသီးနှံအားလုံးလိုလို ကျပ်(၁)သိန်းအထက် ဈေးကောင်းရရှိနေခဲ့သော်လည်း ပဲတီစိမ်းသီးနှံကတော့ ယခုနှစ်မှာ ပဲသစ်စဝင်ကတည်းက ပဲဈေးကွက်မှာဈေးအနိမ့်ဖြင့်သာရောင်းဝ

12 Nov 2024

     ခရမ်းချဉ်သီးကို အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်းရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ ခရမ်းချဉ်သီးကို ဘောင်ပေါ်မှ အစေ့ကိုအတန်းလိုက်ဖြစ်စေ၊ ကြဲပက်၍ဖြစ်စေ ပျိုးဘမ်း(သို့)ရေမဝပ်သည့်နေရာတွင် မြေဆွေး၊စက်ဖွဲပြာတို့ထည့်ပြီး ပျိုးထောင်နိုင်ပါသည်။ ပျိုးပြီး တစ်လ၊ တစ်လခွဲကြာလျှ

12 Nov 2024

                 ပြည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်ရှိပြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ် တို့ဖြစ်ပါသည်။ ထိုမြို့နယ်များထဲတွင် ပြည်မြို့နယ်သည် စီးပွားရေး၊ လူမှုရေးအရ အချက်အခြာကျသောမြို့နယ်တစ်ခုဖြစ်ပြီး ရထားလမ်း၊ ကားလမ်းဆုံရာမြို့ဖြစ်ပါသည်။ သီးနှံများရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရန် ပြည်ကုန်စည်ဒိုင်ကိုလည်းဖွင့်လှစ်ရောင်းချလျက်ရှိသလို ဈေးများအနေဖြင့် ပြည်မြို့မစည်ပင်သာယာဈေးကြီးအပြင် ဈေးများ(၈)ဈေးဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြပါသည်။ ထိုအပြင် ပဲခူးတိ

12 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေကို သွားရောက်စစ်ဆေးရာ စားအုန်းဆီကို တိုက်ကြီးမြို့နယ်မှ (၁၀)ဦး၊ ဥက္ကံမြို့မှ (၂)ဦးနှင့် အဖျောက်မြို့မှ (၃)ဦး၊ စုစုပေါင်းကိုယ်စားလှယ်(၁၅)ဦးက ထုတ်ယူဖြန့်ဖြူးပေးလျက်ရှိပါသည်။ တိုက်ကြီးကိုယ်စားလှယ်(၈)ဦးသည် ရပ်ကွက်/ ကျေးရွာသို့ဖြန့်ဖြူးပေး၍ ကျန်ကိုယ်စားလှယ်(၂)ဦးမှာ စားသောက်ဆိုင်နှင့် ဈေးအတွင်း/ အပြင်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ အ

12 Nov 2024

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်(အနီ)နှင့် အယ်လ်ဖာ အမှတ်တံဆိပ် ဘိလပ်မြေ တစ်အိတ်လျှင် (၁၇၀၀၀)ကျပ် အသီးသီး ရောင်းချလျက်ရှိပြီး စိုက်ပျိုးရေးသုံး ပစ္စည်း အရောင်းဆိုင်ကြီးများမှရောင်းချလျက်ရှိသော ဓါတ်မြေသြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာ အမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၅

Pages