ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Nov 2024

             မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကောက်စောစပါးပေါ်ချိန်၌ သဘာဝဘေးနှင့်ရာသီဥတုကြောင့် ပျက်စီးမှုများပြားခဲ့ကြောင်းသိရသည်။ ရေအတက်ကြမ်းသောနေရာများတွင် တံမံပြိုကျပြီး လယ်ကွက်ထဲ့သို့ရေငံများဝင်ရောက်ပြီး ရေပြန်ကျချိန်တွင် နုန်းများကျန်ခဲ့သဖြင့် စပါးစေ့များအမဲရောင်ဖြစ်သွားသောကြောင့် ရောင်းချရန်မဖြစ်နိုင်တော့ကြောင်း လယ်သမားတစ်ဦးထံမှ သိရသည်။

11 Nov 2024

တရုတ်ကုမ္ပဏီ (၃) ခုဖြစ်သည့် Fortune Rich Trade C0.,Ltd၊Ju Wang Footwear Co.,Ltd နှင့် Shandong (Cambodia) Economic and Technology Development Zone and Guoxing Group တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ရန် စီစဉ်လျက်ရှိသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား နိုဝင်ဘာလ (၆) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းတွင် အစည်းအဝေးတက်ရောက်စဉ်အတွင်း ကုမ္ပဏီ (၃) ခု၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မည့်အစီအစဉ်များကို အလေးပေးပြောကြားခဲ့သည်။

11 Nov 2024

၂၀၂၄ခုနှစ်၏ ပထမ (၁၀) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၅၀၇,၀၂၉မတ်ထရစ်တန်အား နိုင်ငံပေါင်း (၆၆) နိုင်ငံသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇၆.၆၃ သန်းရရှိခဲ့ကြောင်း ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ထုတ်ပြန်ချက်အရသိရသည်။ CRF မှ ကမ္ဘောဒီးယားနိုင်ငံသည် ဥရောပနိုင်ငံ (၂၆) နိုင်ငံသို့ ဆန်တန်ချိန် ၂၅၄,၉၄၅မတ်ထရစ်တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၆.၉၃ သန်း၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃,၁၉၇မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ

11 Nov 2024

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော World Rice Conferenci 2024 တွင် ကမ္ဘောဒီးယားအရည်အသွေးနှင့် အမွှေးကြိုင်ဆန်အတွက် အမှတ်အသားဖြစ်သည့် Malis Angkor ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် (၆) ကြိမ်မြောက်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာကုန်စည်ဒိုင် (ICI) နှင့် United States Of Rice Traders တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) မှ တောင်သူလယ်သမားများမှာ ကောင်းမွန်စွာစိုက်ပျိုးပြီး ဆန်စက်ပိုင်ရှင်များ၏ ကောင်း

11 Nov 2024

    မတ်ပဲ

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၁၉၀၀၀ မှ ၁၂၀၀၀၀)ဖြစ်ပြီး ယခင် အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကျပ်(၁၂၀၀၀၀မှ ၁၂၁၀၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ်(၁၀၀၀) ဈေးနှုန်းလျော့ကျခဲ့ပြီး အရောင်းအဝယ်အနေဖြင့် တစ်ပတ်အတွင်း တင်းရေ (၁၆၅)တင်း၊ တန်ချိန် (၅.၃၈၈)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရ သည်။

Pages