ကုန်သွယ်မှုသတင်းများ
ယခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၈၀၀၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၅သန်းရရှိခဲ့သည့်အတွက် ယခုနှစ် ပထမဆယ်လတာကာလတွင် နိုင်ငံ၏ စုစုပေါင်းဆန်တင်ပို့မှုမှာ တန်ချိန် ၇.၈ သန်းရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံရရှိခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ ထိုဆယ်လတာကာလတွင် ပျမ်းမျှဆန်တင်ပို့သည့်ဈေးနှုန်းမှာ ခန့်မှန်းတစ်တန်ကို ၆၂၆.၂ အမေရိကန်ဒေါ်လာရှိပြီး တင်ပို့မှုကြီးထွားလာခြင်းနှင့် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကြောင့် ယခုနှစ် ဆန်တင်ပို့မှုသည် ၂၀၂၃ခုနှစ်ကတင်ထားသည့် ဆန်တန်ချ

ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) တို့သည် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍများတွင် လူစွမ်းအင်အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ခြင်းဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားဒစ်းဂျစ်တယ်နည်းပညာအကယ်ဒမီ (CADT) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ MPTC မှတာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) ၊ ဂျပန်ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MIC)၊

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မြို့နယ်၌ မိုးစပါး စိုက်ဧက (၉၈၉၉၃) နှစ်စဉ်စိုက်ပျိုးကြောင်းသိရပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး အောက်တိုဘာလ တတိယပတ် (၁၈)ရက်နေ့တွင် စတင်ရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်း၍ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းထင်ပေါ်ကျော်ကြားသော လက်မှု့လုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာလက်မှုအနုပညာ ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင်နာမည်ကျော်ကြား၍ ပြည်တွင်း ပြည်ပဈေးကွက်တွင် လူကြိုက်များလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှသိရသည်၊၊

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ဟိန်းစည်ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများသာမက ဘိလပ်မြေအမျိုးမျိုးကိုလည်းရောင်းချလျက်ရှိကြောင်း၊ ရောင်းချလျက်ရှိသော ဘိလပ်မြေများမှာ ကြံနှစ်ကောင်၊ အပါချီ၊ အယ်ဖာတို့ဖြစ်ကြောင်းသိရသည်။
