ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မကွေးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ) ကျေးရွာသည် ကုလားပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ဝါသီးနှံ(၈၀)ဧကကို တောင်သူ(၇၀)ဦးမှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်) တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်သီးနှံကို စိုက်ဧက (၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ကွင်းကျေးရွာတွင် ဆောင်းမြေပဲစိုက်ဧက (၁၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ အကြီးမားဆုံးစက်မှုလုပ်ငန်းကော်ပိုရေးရှင်းဖြစ်သည့် Siam Cement Group (SCG) သည် ဗီယက်နမ်ရှိ ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံတန်ကြေးရှိသည့် Long Son ရေနံဓာတုလုပ်ငန်း (LSP) ကို ဓာတုပစ္စည်းများ၏ အကျိုးအမြတ်ရရှိမှုနည်းပါးသောကြောင့် တစ်လအကြာတွင် ရပ်နားလိုက်ကြောင်းသိရပါသည်။ ဓာတုပစ္စည်းလုပ်ငန်းသည် လွန်ခဲ့သည့် လပတ်များကတည်းက ကုန်လက်ကျန်များပြားမှုနှင့် လျှော့ချရသည့်ကိစ္စရပ်များနှင့် လုံးပန်းနေခဲ့ရပြီး များစွာသောလုပ်ငန်းများအပေါ် ဖိအားများသက်ရောက်စေကြောင်းသိရပါသည်။ ပြန်လည်စတင
