ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ် စိုက်ဧကအများဆုံးစိုက်ပျိုးလျက်ရှိပြီး ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ အောက်တိုဘာလအတွင်း၌ တစ်ရက်လျှင် ကုန်ချိန်ပိဿာ (၅)သောင်းမှ (၇)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၇)သိန်းခန

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၂၃၀)ကျပ်ဖြင့် ဈေးရှိနေပြီးဈေးနှုန်းမှာ ယခင်အပတ်တိုင်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ စီးဆင်းမှု မှာယခင်အပတ်ထက်ပိုလာပါသည်။ကြက်သွန်ဖြူသီးနှံမှာတစ်ပိဿာလျှင်ထူး ၁-၁၁၀၀၀ကျပ်၊ ထူး ၂-၁၂၀၀၀ကျပ်၊ ထူး ၃-၁၂၅၀၀ကျပ်၊ ထူး ၄-၁၃၀၀၀ကျပ်၊ ထူး ၅-၁၄၀၀၀ကျပ်၊ ထူးလွန်-၁၅၀၀၀ ကျပ်နှင့် ဥတစ်လုံးမှာ ၂၅၀၀၀ကျပ်ဈေးပေါက်နေကြပြီး စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် တောင်သူလက်ကျန်နည်းပါး၍ ဈေးကွက်သို့ဝင်ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းလပ်၊ လွယ်မွေ၊ ပန်ဝိုင်၊ မိုင်းခွန်၊ မိုင်းဇင်း၊ ကတ်ထိုက်နှင့်လွယ်လုံ အုပ်စုတို့၏ တောင်ယာများတွင် ချင်းကိုအများဆုံးစိုက်ပျိုး လျက်ရှိပါသည်။ချင်းစိုက်သူတောင်သူများသည် အောက်တိုဘာလ တတိယအပတ်မှစတင်၍ ချင်းများကို တူဖော်ရောင်းချကာ ဈေးကွက်အတွင်းသို့ ချင်းအသစ်များ စတင်ဝင်ရောက်လာခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မကွေးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ) ကျေးရွာသည် ကုလားပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ဝါသီးနှံ(၈၀)ဧကကို တောင်သူ(၇၀)ဦးမှ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်) တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
