ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာတွင် စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်သီးနှံကို စိုက်ဧက (၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံတို့ကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး ကွင်းကျေးရွာတွင် ဆောင်းမြေပဲစိုက်ဧက (၁၂၀)ခန့် စိုက်ပျိုးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ အကြီးမားဆုံးစက်မှုလုပ်ငန်းကော်ပိုရေးရှင်းဖြစ်သည့် Siam Cement Group (SCG) သည် ဗီယက်နမ်ရှိ ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံတန်ကြေးရှိသည့် Long Son ရေနံဓာတုလုပ်ငန်း (LSP) ကို ဓာတုပစ္စည်းများ၏ အကျိုးအမြတ်ရရှိမှုနည်းပါးသောကြောင့် တစ်လအကြာတွင် ရပ်နားလိုက်ကြောင်းသိရပါသည်။ ဓာတုပစ္စည်းလုပ်ငန်းသည် လွန်ခဲ့သည့် လပတ်များကတည်းက ကုန်လက်ကျန်များပြားမှုနှင့် လျှော့ချရသည့်ကိစ္စရပ်များနှင့် လုံးပန်းနေခဲ့ရပြီး များစွာသောလုပ်ငန်းများအပေါ် ဖိအားများသက်ရောက်စေကြောင်းသိရပါသည်။ ပြန်လည်စတင

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် နှစ်စဉ် မိုးစပါးစိုက်ဧက (၁၁၇၅၁၂)ဧက စိုက်ပျိုးလျက်ရှိပြီး၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းလျက် ရှိပါ သည်။ ထွက်ရှိလာသော စပါးများကို ဒေသအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၃၀-၁၀-၂၀၂၄) ရက်နေ့မှ (၄-၁၁-၂၀၂၄) ရက်နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၁၇၉၈၃) အိတ်၊ ပေါ်ကျွဲ (၅၇၃၇) အိတ်၊ ဧည့်မထ (၅၄၅၀၂) အိတ်၊ ဆန်ကွဲ (၁၄၀၈၇) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၆၆၅) အိတ်နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သ
