
ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် ပျိုးမှိုများရောင်းချလျက်ရှိရာ ပျိုးမှိုစိုက်ပျိုးသော သူများမှကိုယ်တိုင်လာရောက်၍ စျေးအတွင်းသို့ရောင်းချကြသလို ကုန်စိမ်းသည်များကိုလည်း (၁၀) ကျပ်သားအထုပ်များထုပ်၍ဖောက်သည်ပေးကြောင်း၊ ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှို နှင့် ကောက်ရိုးမှို ဟူ၍(၂)မျိုးစိုက်ပျိုးရောင်ချကြကြောင်း၊ ငွေနှင်းမှိုကိုလူကြိုက်နည်းပြီး ကောက်ရိုးပျိုးမှိုကို စားသုံးသူ များကြိုက်နှစ်သက်ကြောင်း ၊ ကောက်ရိုးမှိုသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျက်စက္ကူနှင့် နွားချေး များ အသုံးပြုရပြီး ရေလောင်းရာတွင် သန့်စင်သော ရေကိုလောင်းပေးရကြောင်း၊ မှိုမျိုးအသုံးပြုမှု အနေဖြင့်(၁)ဘောင်လျှင် မျိုးထုပ် (၅)ထုပ်စိုက်ပျိုးရကြောင်း ၊ မျိုးဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင် (၈၅၀/-)ကျပ်၊ မှိုစိုက်ဘောင်(၁၀)ခုပြုလုပ်ထားပြီး ဘောင်တစ်ခုလျှင် မှိုအထွက်(၇-၁၀)ပိဿာ အထိထွက်ရှိကြောင်း၊စိုက်ပျိုးပြီး(၁၅-၂၀)ရက်အကြာတွင် မှိုများစတင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုသက်တမ်း(၁)လအတွင်း အနည်းဆုံး (၂-၃) ကြိမ်အထိ ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုစိုက်ပျိုးရာတွင်ရေခဏခဏလောင်းပေးရကြောင်း ၊ မှိုသက်တမ်း (၁)လအတွင်း (၁၀-၁၅)ပိဿာခန့်အထိ ထွက်ရှိကြောင်း ၊ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၄၈၀၀၀၀/-)ကျပ်ခန့် ကုန်ကျ ကြောင်း ၊ ယခုလက်ရှိ ပျိုးမှိုပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် လက်လီ(၃၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဖောက်သည်စျေး လက်ကား(၁)ပိဿာလျှင် (၂၃၀၀၀/-)ကျပ်ဖြင့် ဖောက်သည်ပေးကြောင်း ၊ အကျိုးအမြတ်အနေဖြင့် အနည်းဆုံး (၂) ကြိမ် ခူးဆွတ်ရောင်းချပါက စိုက်ပျိုးစရိတ် နှုတ်ပြီး (၁၂၉၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ၊ ဈေးနှုန်းများ ကောင်းမွန်သောကြောင့် မှိုစိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊ ပျိုးမှိုကို ချက်ပြုတ်စားသုံးရာတွင် မှိုကန်စွန်းချက် ၊ မှိုပလိန်းချက်စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးကြောင်း ၊ ဝယ်လိုအားရှိပြီး ကုန်ကျစရိတ်သက်သာပြီး စီးပွားလည်းဖြစ် မိသားစုအပိုဝင်ငွေတိုးသော ပျိုးမှိုများကို စိုက်ပျိုးရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
