ကုန်သွယ်မှုသတင်းများ
ကြက်သွန်နီထွက်ရှိရာ ဒေသများဖြစ်ကြသည့် မြင်းခြံ၊ ပခုက္ကူ၊ မြစ်သား၊ မိတ္ထီလာ၊ ကျောက်ဆည်ခရိုင်များမှ ကြက်သွန်နီများ မန္တလေးမြို့အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုအပတ်တွင်မူ မုံရွာ၊ မြင်းမူ၊ ပခုက္ကူနှင့် မြင်းခြံမြို့များမှ ကြက်သွန်နီ(၄၀၀၀၀)ပိဿာဝန်းကျင် ဝင်ရောက်မှုရှိပြီး ပွဲရုံများနှင့် လက်လီရောင်းချသူများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ကြက်သွန်နီ ကြော်လုပ်ငန်းများမှ အဓိကမှာယူမှုရှိကြောင်း တောင်သူများထံမှ သိရှိရသည်။ ယခင်နှစ် ကြက်သွန်နီ ဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပ

၄-၁၁-၂၀၂၄ ရက်နေ့၊ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးတစ်ပိဿာဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ်၆၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ်၆၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ်၁၁၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ်၅၅၀၀မှ အနိမ့်ဆုံးဈေး ကျပ်၅၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ်၁၂၀၀၀မှ အနိမ့်ဆုံးဈေး ကျပ်၁၀၀၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ်၁၄၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ်၁၂၀၀၀၊ မြစ်ဝ

အိန္ဒိယနိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ကဏ္ဍများစွာတွင် ကောင်းမွန်သော အမြတ်အစွန်းများရရှိခဲံပြီး အထူးသဖြင့် ရေနံ၊ ကျောက်မျက်ရတနာ၊ စိုက်ပျိုးရေးနှင့်သကြား စသည့် ကဏ္ဍများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် ရှယ်ယာပါဝင်မှုတိုးလာသောကြောင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ကောင်းမွန်သော အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။ ၂၀၁၈ နှင့် ၂၀၂၃ တွင် အိန္ဒိယတင်ပို့မှုဝေစုတိုးလာသည့် အခြားကဏ္ဍများမှ လျှပ်စစ်ပစ

ထိုင်းနိုင်ငံ၏ ယခုနှစ်တင်ပို့မှုသည် ၂% ကျော်ကြီးထွားနိုင်ပြီး ယခင်ခန့်မှန်းချက်ကို ကျော်ဖြတ်နိုင်ကြောင်း ထိုင်းအမျိုးသားပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီက ၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Chaichan Chareonsuk ကအဆိုးဆုံးအနေဖြင့် အကယ်၍ ယခုနှစ် စတုတ္ထ ၃လပတ်ကာလကြီးထွားမှုသည် ၂၀၂၃ခုနှစ်နှင့်တူညီပါက တင်ပို့မှုသည် ၂% ကျော်သင့်ကြောင်းပြောကြားခဲ့ပါသည်။ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် တင်ပို့မှုသည် စက်တင်ဘာလတွင် နှစ်အစပိုင်းထက် ၁.၁% မြင့်တက

အာရှ-အာဖရိက-အရှေ့အလယ်ပိုင်းကော်မတီဥက္ကဋ္ဌ Dewan Saiful Alam ဦးဆောင်သော ဟောင်ကောင်အထွေထွေကုန်သည်ကြီးများအသင်း (HKGCC) ၏ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် အလားအလာများကို ပိုမိုလေ့လာရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ ကိုယ်စာလှယ်အဖွဲ့ကို ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Nut Unvoanra က လက်ခံတွေ့ဆုံခဲ့သည်။ Nut Unvoanra သည် ကမ္ဘောဒီးယ
