
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာတည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်စျေးတို့ ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။ တန်ဆောင်မုန်းလအခါသမယဖြစ်သည့်အတွက် ဘုရားပွဲတော်များ၊အလှူပွဲများ ရာသီချိန် ဖြစ်သည့်အတွက် တည်သီးများအရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိသစ်သီး ရောင်းချသူတစ်ဦး ထံမှသိရှိရပါသည်။
DOCA(မန္တလေး)
