ကုန်သွယ်မှုသတင်းများ
ဗီယက်နမ်၏ ဗျူဟာကျသောတည်နေရာ၊ ရေရှည်တည်ငြိမ်ရေး အာမခံချက်နှင့် ဆန်းသစ်တီထွင်မှုတို့သည် ၎င်းတို့အား နိုင်ငံတကာအဝတ်အထည်ထုတ်လုပ်သူများက ကမ္ဘာ လုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်ကွဲပြားမှုကို ရှာဖွေရာတွင် ဆွဲဆောင်မှုရှိသော တည်နေရာ ဖြစ်စေခဲ့ကြောင်း သိရပါသည်။ ထိုအချက်ကို ဟိုချီမင်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် Vietnam International Trade Fair of Apparel, Textiles and Textile Technology 2025 တွင် အသားပေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ကျွမ်းကျင်သူမ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်

ကမ္ဘောဒီးယားနိုင်ငံသည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ဆိုလာစွမ်းအင်ကဏ္ဍများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများကို ပိုမိုလိုအပ်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံရေးဘုတ်အဖွဲ့၊ အထွေထွေအတွင်းရေးမှူး Chea Vuthy က တရုတ်နိုင်ငံ၊ အရှေ့ပိုင်း Zhejiang ပြည်နယ်မှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ၂၈-၂-၂၀၂၅ ရက်နေ့က အမှာစကားပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် သီဟိုဠ်စေ့ ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုအတွက် အလား

မွန်ပြည်နယ်သည် ကျွဲကောသီးအများအပြားထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ရာ ယခင်က ကျွဲကောသီးများကို ပြည်နယ်အတွင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ အလုံးလိုက် တင်ပို့ရောင်းချပြီး ယခုအခါ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ကျွဲကောဝိုင်ထုတ်လာသည်ကို တွေ့ရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ၎င်းတို့၏ လယ်ယာထွက်ကုန်တင်ပို့မှုကို မြှင့်တင်ရန် စိတ်အားထက်သန်နေပြီး တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက် ကုန်များ တိုးပွားလာရေးအတွက် အဓိကဦးတည်ရာတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ၊ Guangzhou ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော China Association for Promoting UN Procurement (CAPUNP) ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေး သံမှူး Lao Nguon Eng ကပြောကြားခဲ့သည်။ (CAPUNP) သည် အာရှနှင့်အာဆီယံနိုင်ငံများမှ တရုတ်လ
