ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Mar 2025

          ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅ ဘီလီယံ အထိရှိခဲ့ကြောင်း စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန (MISTI) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါး တန်ဖိုးရှိ ထုတ်ကုန်များ ကို ပြည်တွင်းဈေးကွက်သို့ တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိ အခြားထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်အတွင်း စက်ရုံပေါင်း ၃၂၆ ရုံကိုတည်ဆောက်နိုင်ခဲ့ပြီး စုစုပ

04 Mar 2025

           မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဥယျာဉ်ခြံမြေများ၌ မိသားစုအပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဒေသထွက် ငရုတ်သီးတောင့်များ ဆွတ်ခူးချိန် လှိုင်လှိုင်ထွက်ပြီး ဈေးကောင်းများရရှိသဖြင့် မြွေဟောက်ကျေးရွာမှ ငရုတ်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုးကာစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

03 Mar 2025

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့ဆန်စပါးဈေးကွက်တွင် ဖေဖော်ဝါရီလပထမပတ် အရောင်းအဝယ်သွက်လျက်ရှိပြီး ယခုဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။ ဧရာဝတီပေါ်ဆန်းစပါး ၁တင်းကျပ် ၃၂၀၀၀/၃၃၀၀၀ဈေး ဆန်တစ် အိတ်လျှင်ကျပ် ၁၁၀၀၀၀/၁၁၅၀၀၀ဈေးနှင့် မနောသုခ ၊မျိုးပွားစပါး၁တင်းကျပ် ၁၈၀၀၀/၁၉၀၀၀ဈေး ဆန်တစ်အိတ်ကျပ် ၆၅၀၀၀/၇၀၀၀၀ ဈေးအတွင်းနှင့် ရွှေသွယ်စပါး၁တင်း ကျပ် ၂၃၀၀၀/၂၄၀၀၀ ဈေး ဆန်တစ်အိတ်ကျပ် ၈၅၀၀၀/၉၀၀၀၀ ဈေးအတွင်းအရောင်းအဝယ်ဖြစ်နေပြီး ယခုလက်ရှိ ရွှေသွယ်စပါး

03 Mar 2025

          မြန်မာနိုင်ငံတစ်ဝှမ်းထင်ပေါ်ကျော်ကြားသော လက်မှု့လုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး၊ ငွေချည်ထိုးလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာလက်မှုအနုပညာ ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင် နာမည်ကျော်ကြား၍ ပြည်တွင်း ပြည်ပဈေးကွက်တွင် လူကြိုက်များလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှသိရသည်၊၊

03 Mar 2025

          ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်း စားနပ်ရိက္ခာဈေးကွက်၏ လိုအပ်ချက်များကို ဖြည့် ဆည်းနိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်စေရေးအတွက် ဗီယက်နမ်နိုင်ငံမှ ဆန်ဖြူတန်ချိန် ၁၀၀၀၀၀ ကို တင်သွင်းရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါသည်။

Pages