ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Mar 2025

          ထိုင်းလယ်သမားများ၏ စပါးဈေးနှုန်း အာမခံချက်ပေးရန် သို့မဟုတ် ထောက်ပံ့ကြေးနှင့် နစ်နာမှု လျော်ကြေးငွေများ ပေးအပ်ရန် တောင်းဆိုမှုသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့၌ ချမှတ်ခဲ့သော ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်လျက်ရှိသဖြင့် ဆန်စပါးမူဝါဒ ဆပ်ကော်မတီသည် ၎င်းတို့၏ အရေးဆိုမှုကို ပယ်ချလိုက်သည်ဟု ထိုင်းပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Wittayakorn Maneenet က ပြောကြားခဲ့သည်။

03 Mar 2025

          ထိုင်းနိုင်ငံ၌ စပါးတစ်တန်လျှင် အနည်းဆုံး ထိုင်းဘတ် ၁၀၀၀၀ မှ ၁၂၀၀၀ အထိဈေးနှုန်း အာမခံချက်ပေးရန် ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၂၁ ရက်၊ သောကြာနေ့ တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်လျက် အစိုးရထံသို့ တောင်းဆိုခဲ့ပါသည်။

03 Mar 2025

          တရုတ်နိုင်ငံမှ သကာရည် တင်သွင်းခွင့်ကို တားမြစ်ထားမှုကြောင့် ထိုင်းကုမ္ပဏီများ အနေ ဖြင့် ယခင်ခန့်မှန်းထားသည်ထက် နှစ်ဆပိုများသည့် ဘတ်ငွေ သန်းနှစ်ထောင်ခန့် ဆုံးရှုံးနေရကာ လာမည့်လမှစ၍ လုပ်ငန်းများ ပိတ်သိမ်းရတော့မည်ဖြစ်ပြီး အဆိုပါတားမြစ်မှုကို ရုတ်သိမ်းရန် အတွက် ထိုင်းအရာရှိများဘက်မှ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်အကျိုး သက်ရောက်မှုမျှ မရှိခဲ့ကြောင်း ထိုင်းသကာရည်နှင့် သကြားလုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

03 Mar 2025

          မလေးရှားစားအုန်းဆီကြမ်း၏ စံပြုဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံရှိ စားသုံးဆီ ပြန်လည်ပြုပြင်သန့်စင်ရေးလုပ်ငန်းရှင်များသည် ၂၀၂၅ ခုနှစ်၊ မတ်လ မှ ဇွန်လအတွင်း သင်္ဘောတင်ပို့ဆောင်‌ရန် စီစဉ်ထားရှိသည့် စားအုန်းဆီကြမ်း တန်ချိန် ၇၀၀၀၀ အတွက် ကုန် အဝယ် အမှာစာများကို ပယ်ဖျက်ခဲ့သည်ဟု ကုန်သွယ်ရေးအရင်းအမြစ်လေးခု၏ ပြောကြားချက် အရ သိရှိရကြောင်း Free Malaysia Today သတင်းဌာနက ၂၀-၂-၂၀၂၅ ရက်နေ့တွင် ဖော်ပြ ထားသည်။

03 Mar 2025

          နိုင်ဂျီးရီးယားနိုင်ငံ၌ ဗဟိုအစိုးရ၏ ထောက်ပံ့မှုနှင့် ဈေးကွက်ဝင်ရောက်ထိန်းကျောင်းမှုများ ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမှုအရ ပြည်တွင်း၌ တန်ဖိုးအားဖြင့် နိုင်ရာငွေ ၁.၄၃ ထရီလီယံ (ဒေါ်လာ ၉၅၇.၅၄ သန်း) ခန့်ရှိသော ဆန်တန်ချိန် ၂.၁၈  သန်းခန့်အထိ ပြတ်လပ်မည့် စိုးရိမ်ဖွယ်အခြေအနေရှိသည်ဟု New Telegraph နိုင်ဂျီးရီးယား သတင်းဝက်ဘ် ဆိုက်က ဖော်ပြပါသည်။

Pages