ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုး ထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ယခု ဖေဖော်ဝါရီ လ လဆန်းပိုင်းတွင် စတင်ပေါ်ထွက်လာပြီး ဈေးကွက်အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများရှိ သလို ကျပန်း လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ တောတောင်ဒေသကိုအမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည်နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည့်အနက် ပျားသလက် နှင့် ပျားရည်ကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြပါသည်။

အယ်ဂျီးရီးယားဆိုင်ရာဗီယက်နမ်ကုန်သွယ်ရေးရုံးသည် နှစ်နိုင်ငံအကြား ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် အယ်ဂျီးရီးယားနိုင်ငံ Ghardaia ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၅ ရက်နေ့ထိ အလုပ်သဘောအလည်အပတ်သွားရောက်ခဲ့ကြောင်း သိရပါသည်။ ရုံးနှင့် ပြည်တွင်းစက်မှုနှင့်စီးပွားရေးအသင်းတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများကို ရှာဖွေရန် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရပါသည်။ Ghardaia ပြည်နယ် သည် စက်မှုဇုန်နှစ်ခုနှင့် ယူနက်စကိုစာရင်းဝင်နေရာများကို ပိုင်

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ Bac Ninh ပြည်နယ်သည် ယခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၂၁၀ ကျော်တန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း(FDI)သစ် ၄၈ ခု ကိုလိုင်စင်ချပေးခဲ့ကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုပြည်နယ်ဦးစီးဌာန၏ အဆိုအရ သိရပါသည်။ တစ်ချိန်တည်းမှာပင် တည်ရှိပြီး FDI စီမံကိန်း ၃၀ ခု၏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိသော မတည်ငွေထပ်တိုးမှုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြည်နယ်အာဏာပိုင်များသည် စီးပွားရေးအဖွဲ့အစည်းများ၌
