ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Feb 2025

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကန်ကြီးတန်းလမ်းရှိကိုရဲကြီးစိုက်ပျိုး ရေးဆေးအရောင်းဆိုင်သို့ (၂၆.၂.၂၀၂၅) ရက်နေ့မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတစ်ဦးဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

27 Feb 2025

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ဂျင်း ဈေးနှုန်းများမှာ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဂျင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင်လည်း ၁၀၀၀ ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းများ အတက် အကျ မရှိယခင်လ ဈေးနှုန်း အတိုင်း ဈေးငြိမ်နေပါသည်။         

27 Feb 2025

          ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၉၉၀၀၀) ကျပ်မှ အမြင့်ဆုံး (၁၀၀၀၀၀) ကျပ်ထိရှိပြီး ယခုဖေဖော်ဝါရီလနောက်ဆုံးသတင်းပတ်မှာတော့ ပိဿာ(၂၀) တစ်တင်း ကို(၉၅၀၀၀) ကျပ်ခန့်မှ(၉၆၈၀၀)ကျပ်ထိရှိပါသည်။ စီးထွက်မှုအနေဖြင့်  ဖေဖော်ဝါရီလနောက်ဆုံး သီတင်းပတ်အတွင်းထိ (၁၃၆၂၀၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ 

DOCA(ပဲခူး)

27 Feb 2025

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိ ကြောင်း နှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ဇန်နဝါရီလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၃၂၀ ကျပ်ဖြစ်ပြီး၊ဖွဲနု ၆၅ ပေါင်တစ်အိတ် လျှင် ၂၀၈၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယ

27 Feb 2025

          ပြည်မြို့နယ်အတွင်း ငှက်ပျောပင်များအား စီးပွားဖြစ်တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာဒေသများမှာ သစ်ချီတင်ရွာ၊ ရှမ်းစုရွာများတွင် အများအပြားစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အား စိုက်ပျိုးရာတွင် အချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ ဘေးပတ်လည်၊ နောက်ဘေး စသည့် နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် ငှက်ပျောပင် (၂၀-၅၀)ခန့် စိုက်ပျိုးထားကြပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ် စိုက်ပျိုးသည့် ဉယျာဉ်ခြံများတွင် တစ်ဧကစိုက်ပျိုးလျှင် ငှက်ပျောပင် တစ်ပင်နှင့်တစ်ပင် အကွာ

Pages