
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်း ကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီကျေးရွာများမှ ထွက်ရှိသည့် ရာသီစာကီလိုမာလကာသီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကီလိုမာလကာသီး(၁)လုံးလျှင် (အလုံး အကြီးအသေးအလိုက်)ကျပ်(၇၀၀-၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာလဆန်းမှစတင်၍ ဇေယျာသီရိဈေးသို့ စတင်ဝင်ရောက်ခဲ့ပြီး ယခု(စတုတ္ထပတ်)အထိ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ပေါ်ဦးပေါ်စချိန်ဖြစ်သည့်အတွက်ဈေးကောင်းသော်လည်း အရောင်း အဝယ်မှာသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
