ကုန်သွယ်မှုသတင်းများ
ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီအဖြူကဲ့သို့ အအေးကြိုက်ကြပါသည်။ စက်တင်ဘာလ တွင် စတင်စိုက်ပျိုးပြီး ဆောင်းရာသီရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြ ပါသည်။ အေး၍ခြောက်သွေ့ သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းမှာ အပင်သက်တမ်း(၁၁)လခန့် အထိကြာမြင့်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့် နေရာများမှာ အောင်ဆန်း ပြည်သာယာဘက်ရှိ ဉယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သော နုန်းမြေများတွင် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်လုံးညိုကျေးရွာရှိ တောင်သူ ဦးကြည်လွင်၏ မြေဧက (၀.၂၅)ဧကပေါ်တွင် ခရမ်းကြွပ်သီးများ စိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ပေါများနေပြီဖြစ်ကြောင်း သိရှိရသည်။ ခရမ်းကြွပ်မျိုးများမှာ အဖြူသီး၊ ခရမ်းရောင်သီး၊ စိမ်းဖြူကြားသီးဟူ၍ (၃)မျိုးရှိရာ အဖြူသီးကိုသာ စိုက်ပျိုးကြောင်း သိရပါသည်။ ရန်ကုန် ဈေးကွက် သို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။ ခရမ်းကျွတ်သီးကို နယုန်လတွင် စတင်စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် စတင်ခူးစွ

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၆.၂.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူး ဦး ရဲမင်းထွဋ်၊ ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက်ကျော်၊ ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက် မိုး၊ အငယ်တန်းစာရေး ဦးနေမျိုးဝင်း၊ မိတ်ဖက်ဌာနဖြစ်သော ပြွန်တန်ဆာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်အတူ ပြွန်တန်ဆာမြို့၊

သာကူသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်သည့် ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး အဖြူ နှင့် အနီဟူ၍ နှစ်မျိုးရှိပါသည်။ သာကူအဖြူပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် သကြား တစ်ပိဿာ ရောစပ်၍ ပြုလုပ်ရပြီး သာကူအနီပြုလုပ်ရာတွင် သာကူစေ့ ၅၀ ကျပ်သားလျှင် ထန်းလျက် တစ်ပိဿာရောစပ်၍ ပြုလုပ်ရပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်မှ ခြင်္သေ့မင်းအမှတ်တံဆိပ် မြေပဲယိုသည် လူကြိုက်များသော ဒေသထွက်လက်ဆောင်တစ်ခုဖြစ်ပါသည်။ ၎င်းမြေပဲယိုလုပ်ငန်းသည် လွန်ခဲ့ သော ၄၅ နှစ်ခန့် ၁၉၇၈ ခုနှစ်က စတင်ခဲ့ပြီး ထိုစဉ်က ဖြူးဈေးအတွင်း အလေးချိန်ဖြင့် ရောင်းချရာမှ လက်ရှိကာလအထိ ထုပ်ပိုးမှုအဆင့်ဆင့်နှင့် ရောင်းချရင်း လူသိများ ဈေးကွက်ရှိနေသော မြေပဲယို၊ နှမ်းယို ဖြစ်ပါသည်။
