ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Feb 2025

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိ ကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟု အမျိုးမျိုးရှိကြောင်း သိရသည်။

27 Feb 2025

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

27 Feb 2025

            ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေး ကွက်အတွင်း၌ ရွှေဖရုံသီးများရောင်းချလျက်ရှိရာ ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူရောင်းချရပြီး ယခု ရာသီကာလများတွင် ကန့်ဘလူမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများနှင့် ‌ရေဦးမြို့တို့မှ ဝယ်ယူ‌ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

27 Feb 2025

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကိုစိုက်ပျိုး ရောင်းချလျက်ရှိကြောင်း၊ ထိုင်ဝမ်ဖူးစားပြောင်းများကို နေအိမ်ခြံဝင်းများ၌လည်းကောင်း၊ ယာကွက် များ၌လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

27 Feb 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အ တွင်းဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၄၂၀)ကျပ်၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၈၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင

Pages