
ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များဝင်ရောက်မှုအနည်းငယ်လျော့ကျလျက်ရှိပြီး၊စျေးအနည်းငယ်မြင့်တက်သွားရှိကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ထုပ် ၁ ခုလျှင် အပွင့်(ကြီး) ၁၆၀၀ ကျပ်နှင့် ၂၀၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ကျပ်နှင့်၁၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ သီရိမာလာစျေးအတွင်းနေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
