အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးဈေးနှုန်းမြင့်တက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးကို မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ သရက်မြို့တို့အပြင် ရှမ်းပြည်နယ်၊ အောင်ပန်း၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၆၅၀၀-၇၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(တတိယပတ်)တွင် ကျပ်(၆၀၀၀-၆၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရ သည်။ ယခုအချိန်တွင် ဇေယျာသီရိဈေးအတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီုးမြို့တို့မှထွက်ရှိသည့် အာလူးများသာ ဝင်ရောက်မူများသည့်အတွက် သယ်ယူစရိတ်မြင့်တက်သည့်အပြင် အာလူးစိုက်ပျိုး ထွက်ရှိရာဒေသ များ၌လည်း စိုက်ခင်းအသစ်များ စတင်စိုက်ပျိုးလျက်ရှိပြီး သိုလှောင်ထားသော အာလူးများသာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

DOCA( မကွေး)