ငရုတ်မျိုးသုတေသနအကြောင်း သိကောင်းစရာ

Powered by Drupal

     ငရုတ်မျိုးစေ့များအား မြောင်းပေါ်တွင်လည်းကောင်း၊ အိတ်များထဲတွင် ထည့်၍လည်းကောင်း၊ ပျိုးထောင်၍ ပြုစုရပါသည်။ ပျိုးထောင်ပြီး (၂၇) ရက်ခန့် အကြာတွင် မြောင်းအကျယ် (၂လက်မခွဲ) ထားပြီး တစ်ပင်၊ နှစ်ပင် ခြား ၁ လက်မခွဲထားရှိပြီး ပြောင်းရွေ့စိုက်ပျိုးရပါသည်။ နှစ်စဉ်နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး နှစ်စ ဇန်နဝါရီလမှ မတ်လအထိ ခူးဆွတ်နိုင်ပါသည်။ ငရုတ် (၁) ဧကစိုက်ပျိုးလျှင် ပိဿာ (၂၀၀) မှ (၄၀၀) အထိ ထွက်ရှိပါသည်။ ငရုတ်ကို အစိမ်းမှုန့်၊ အလှော်မှုန့်များ ပြုလုပ်သုံးစွဲကြပါသည်။ ငရုတ်သီးအစိမ်း (၁) ပိသာလျှင် (၅၀၀၀) ကျပ် နှင့် ငရုတ်ခြောက် (၁) ပိဿာလျှင် (၁၁၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ