ပြည်ပကုန်သွယ်မှုသတင်းများ
၂၀၂၄ ခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၆.၁ သန်း တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)၏ အဆိုအရ သိရပါသည်။ အဆိုပါတင်ပို့မှုမှ တစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံရရှိခဲ့ပြီး လွန်ခဲသည့်နှစ် တူညီသည့်ကာလထက် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ MARD ၏ အဆိုအရ ဆန်ထွက်ရှိမှုမြင့်တက်လာမှုနှင့်အတူ ပျမ်းမျှ ဆန်တင်ပို့သည့် ဈေးနှုန်းမှာလည်း တစ်တန်လျှင် ၆၂၅ အမေရိကန်ဒေါ်လာဖြင့် ၁၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပ
Geely Auto သည် Game Xingyuan EV အသစ်ကို အင်္ဂါနေ့တွင်ထုတ်ဖော်ပြသခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၂၀၀(ယွမ် ၈၀၀၀၀)ဝန်းကျင်ဖြင့် Geely မော်ဒယ်အသစ်သည် BYD Dolphin ကဲ့သို့တန်ဖိုးနည်း EV များကိုယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပြိုင်ဘက် ဟင်းသီးဟင်းရွက်ဆီများနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေရန်နှင့် ဆီအုန်းစိုက် ပျိုးသည့် တောင်သူများ၏ဝင်ငွေကိုမြှင့်တင်ရန် ရည်ရွယ်လျက် စားအုန်းဆီပို့ကုန်အပေါ် စည်းကြပ် ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများအား လျှော့ချရန် စီစဉ်လျက်ရှိသည်ဟု အစိုးရအရာရှိ တစ်ဦးက စက်တင်ဘာ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ စပါးစိုက်ပျိုးမှု ရာသီချိန်နောက်ကျပြီး အထွက်နည်းပါးမည့်အခြေအနေကြောင့် ယခုနှစ်ကုန်ပိုင်းအထိ လက်ကျန်ခွဲတမ်း ဆန်မက်ထရစ်တန်ချိန် ၉၀၀၀၀၀ ကို တင်သွင်းရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင် စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog က ဩဂုတ် ၃၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ အရန်ရိက္ခာဆန်များ ပိုလျှံလျက်ရှိမှုကို ကိုင်တွယ်ဖြေရှင်းမှုအဖြစ် ကောက်ပဲ သီးနှံများအား အီလက်ထရောနစ် လေလံစနစ်ဖြင့် ပွင့်လင်းစွာဈေးကွက်တင်ရောင်းချသည့် အစီအစဉ် (Open Market Sale scheme – OMSS) ၌ ပုဂ္ဂလိက အီသနောပေါင်းခံ ထုတ်လုပ်ရေး လုပ်ငန်းများကို ပါဝင်စေလျက် ဝယ်ယူခွင့်ပြုခြင်းဖြင့် အစိုးရသည် ၎င်း၏စားနပ်ရိက္ခာမူဝါဒတွင် အဓိကကျသော ပြောင်းလဲမှုတစ်ခုကို ဖော်ဆောင်ခဲ့သည်။
တောင်သူလယ်သမားများ၏ ဝင်ငွေတိုးရန်နှင့် ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန် တင်ပို့မှု မြှင့်တင်ရန် ရည်ရွယ်၍ စျေးကွက်၌ ဈေးနှုန်းမြင့်မားစွာ ရရှိစေသည့် ရနံမွှေးသော စပါးမျိုး များကို စိုက်ပျိုးရန် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် လယ်သမားများအား တိုက်တွန်းထားကြောင်း သိရှိရသည်။
ကမ္ဘာတစ်ဝန်း ငရုတ်ကောင်းဈေးကွက်လိုအပ်ချက်မြင့်မားမှုနှင့်အတူ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ထိ ရှိနိုင်မည်ဖြစ်ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း (Vietnam Pepper and Spice Association - VPSA) ၏ ပြောကြားချက်အရသိရှိရပါသည်။
ကနေဒါနိုင်ငံသည် တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် လျှပ်စစ်ကားများ(EV)တင်သွင်းမှုအပေါ် အမေရိကန်နှင့်ဥရောပတို့လမ်းစဥ်အတိုင်း ၁၀၀% အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ BBC ၏အစီရင်ခံစာအရ ကနေဒါနှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များက တရုတ်နိုင်ငံ၏အစိုးရသည် ၎င်း၏ EV လုပ်ငန်းကိုထောက်ပံ့မှုကြောင့် တရုတ်နိုင်ငံမှကားထုတ်လုပ်သူများသည် မျှတမှုမရှိစွာ အကျိုးအမြတ်များရရှိလျှက်ရှိသည်ဟု မှတ်ယူထားကြသည်၊ တရုတ်သံမဏိနှင့် အလူမီနီယံအပေါ် အခွန် ၂၅%ကောက်ခံရန်လည်းစီစဥ်ထားကြောင်းသိရှိရပါသည်။
အိန္ဒိယပြည်တွင်းဈေးကွက်တွင် မကြာသေးမီကာလများ၌ ပဲစင်းငုံဈေးနှုန်းများ အတန် အသင့် လျော့နည်းသက်သာမှု ရရှိခဲ့သော်လည်း ပြည်ပမှတင်သွင်းမှု လျော့ကျဖွယ်ရှိခြင်း၊ လာမည့် ပွဲတော်ရာသီကာလ၏ ဝယ်လိုအားရှိခြင်းတို့က ဈေးနှုန်းများမြင့်တက်စေရန် တွန်းအားပေးလျက်ရှိ သည်ဟု စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများက ပြောဆိုကြောင်း Informist Media အိန္ဒိယ သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါသည်။
၂၀၂၂ခုနှစ် သြဂုတ်လ ၂ရက်နေ့တွင် ယာယီပိတ်ပင်ထားပြီးနောက် ထိုင်ဝမ်ကျွဲကောသီးတင် သွင်းမှုအားပြန်လည်စတင်တော့မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ရက်နေ့၌ကြေညာခဲ့သည်၊ ထိုင်ဝမ်မှလိမ္မော်သီးတင်ပို့မှုတွင် အန္တရာယ်ရှိသောအင်းစက်များစွာကို ရှာဖွေတွေ့ရှိပြီးနောက် ပေကျင်းသည် ထိုင်ဝမ်ကျွဲကောသီးတင်သွင်းမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။
ထိုင်ဝမ်နှင့်တရုတ်နိုင်ငံတို့သည် ကျွဲကောသီးအား ရိုးရာဓလေ့အတိုင်း စားသုံးကြသည့် ဆောင်းဦးရာသီပွဲတော်ကို စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျင်းပမည်ဖြစ်သောကြောင့် ယခုကဲ့ သို့ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကင်ညာသည်ထုတ်ကန်အချို့အပေါ်တွင် ပိုမိုကောက်ခံမှုနှင့်ပတ်သက်၍ လန်ဒန်မြို့၌ တရားဝင်တိုင်ကြားပြီးနောက် လအကြာတွင် ဝိုင်နှင့်ဝီစကီများကဲ့သို့သော ဗြိတိန်လုပ်အရက်များအပေါ် အခွန်လျော့ချရန် ကင်ညာမှခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။
ပီရူးနိုင်ငံသည်လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းသို့ စပျစ်သီးအမြောက်အများအား တင်ပို့ရောင်းချလျှက်ရှိပြီး အချိန်ကာလကြာမြင့်စွာ ကမ္ဘာစပျစ်သီး တင်ပို့မှုဈေးကွက်တွင် ထိပ်တန်းနေရာ၌ရပ် တည်ခဲ့သော ချီလီနိုင်ငံအား၂၀၂၃ခုနှစ်မှစ၍ ကျော်တက်သွားခဲ့ကြောင်း သိရှိရပါသည်။ ပီရူး၏အားသာချက်မှာ ၎င်း၏ရှည်လျားသောစိုက်ပျိုးရာသီနှင့် လုပ်သားခသက်သာခြင်းပင်ဖြစ်သည်၊ ပျမ်းမျှအားဖြင့်ပီရူး ၏စပျစ်သီးတင်ပို့မှုသည် နှစ်စဥ်တန်ချိန် ၆၆၀၀၀ သို့မဟုတ် ၁၄.၃ ရာခိုင်နှုန်းတိုးလာပြီး ချီလီ၏တင်ပို့မှုမှာ တစ်နှစ်လျှင် ၆.၆ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၄၀၀၀၀ လျော့နည်းသွားကြောင်းသိရှိရသည်။