
ကမ္ဘောဒီးယားနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်၊ ပထမ (၈) လတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ယင်းတို့အနက် ဗီယက်နမ်သည် ကမ္ဘောဒီးယား၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရမှ မကြာသေးမီ က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယားသည် ဇန်နဝါရီမှ ဩဂုတ်လအထိ အခြားအာဆီယံနိုင်ငံများသို့ ကုန်ပစ္စည်းများ ဒေါ်လာ ၃.၉၈ ဘီလီယံ တင်ပို့ခဲ့ပြီး ၁၆ ရာခိုင်နှုန်း တိုးလာပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၆.၉၈ ဘီလီယံရှိကာ ၁.၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဗီယက်နမ်ကုန်သွယ်ရေးရုံး အကြီးအကဲ Do Viet Phuong က နှစ်နိုင်ငံကြား ကုန်သွယ်မှု အလားအလာသည် ကြီးမားလာခဲ့ကြောင်း၊ ဗီယက်နမ်စီးပွားရေး လုပ်ငန်းများ၏ ကြိုးပမ်းအားထုတ်မှုနဲ့အတူ အဆင့်အားလုံး၏ ပံ့ပိုးကူညီမှုနဲ့အတူ ဗီယက်နမ် ကုန်စည်များသည် ကမ္ဘောဒီးယားတွင် ရောက်ရှိနေပြီး မကြာမီကာလအတွင်းမှာ ကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါးအထိ ရရှိနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ မျှော်လင့်ထားသည့်အတိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးကို ကြီးကြီးမားမား အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့် ထားကြောင်း Phuong မှ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံသို့ တင်ပို့သည့် အဓိကထုတ်ကုန်များမှာ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ လက်ကိုင်အိတ်များ၊ ဆိုလာပြားများ၊ ကားတာယာများ၊ လျှပ်စစ်နှင့် လယ်ယာထွက်ကုန်များ ပါဝင်သည်။
DOCA (ရန်ကုန်)