ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် နှစ်စဉ်မိုးအကုန် ဆောင်းအကူးကာလများ၌ ကွမ်းများဈေးတက်လေ့ရှိရာ ညောင်ပင်ဈေးတွင် ယခင်အောက်တိုဘာလ ဒုတိယအပတ်က ကွမ်းနုဝါ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ မုံရွာကွမ်း တစ် ပိဿာလျှင် ၇၅၀၀ ကျပ်နှင့် ဟင်္သာတကွမ်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ရှိခဲ့ပါသည်။
တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်ဆိုင်များတွင် ရှမ်းပြည်မှတင်သွင်းသည့် မုန်ညင်းမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိသာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုအောက်တိုဘာလ တတိယအပတ်တွင် ၂၅ ကျပ်သားလျှင် ၂၅၀၀ ကျပ်၊ တစ်ပိဿာယူလျှင် ၈၀၀၀ ကျပ်ဖြစ်
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရှမ်းပြည်ဘက်မှတင်သွင်းလာသော ဘိုစားပဲသီးမှာ ယခင်စက်တင်ဘာလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုအောက်တိုဘာလ တတိယအပတ်တွင် ၁၀ ကျပ်သား လျှင် ၁၀၀၀ ကျပ်၊ ၂၅ ကျပ်သား ၂၀၀
နေပြည်တော်တပ်ကုန်းဒေသထွက် ဖရဲသီးများအား တောင်ငူမြို့သို့ တင်ပို့ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများသည် ဒေသတွင်းမှထွက်ရှိသော ဖရဲသီးများထက် အရသာပိုမိုကောင်းမွန် သောကြောင့် လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိပါသည်။
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၂-၁၀-၂၀၂၄) ရက်နေ့မှ (၂၅-၁၀-၂၀၂၄) ရက်နေ့အထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၂၃၅၂၉) အိတ်၊ ပေါ်ကျွဲ (၇၄၉၃) အိတ်၊ ဧည့်မထ (၅၉၇၆၆) အိတ်၊ ဆန်ကွဲ (၁၀