ပြည်တွင်းကုန်သွယ်မှုသတင်းများ
မြန်မာလူမျိုးတို့သည် မြန်မာရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။မနက်ခင်းတစ်ကြိမ်၊ ညနေခင်းတစ်ခါ အဆာပြေစားလေ့ရှိရာ မြန်မာရိုးရာဘိန်းမုန့်ကိုလည်း ရေနွေးကြမ်း လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့် တွဲဖက်စားသုံးကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည်ရေမြေသဘာဝအရ တောင်ကျချောင်းကြီး(၃)ခု စီးဆင်းလျက်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်း လုပ်ကိုင်၍ အဆင်ပြေလျက်ရှိပါသည်။ စပါး၊ မတ်ပဲတို့ကိုအဓိက စိုက်ပျိုးထားရှိသည့်အပြင် ဂေါ်ဖီ၊ ငရုတ်၊ သခွားကဲ့သို့ ရာသီပေါ်သီးနှံများလည်း စိုက်ပျိုးထွက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း တောင်သူများမိုးဦးသီးနှံများစိုက်ပျိုးပြီး ကုန်စိမ်းဒိုင်များမှတဆင့် ရန်ကုန်မြို့၊ တညင်းကုန်းဈေးကြီးသို့ ကုန်စိမ်းကားများဖြင့်နေ့စဉ် တင်ပို့ရောင်းချလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့မဈေးကြီးအတွင်းရောင်းချနေသော ကြက်ဥ၊ ဘဲဥလက်လီဈေးနှုန်းများမှာ အောက်တိုဘာလတတိယပတ်တွင် ကြက်ဥကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ကြက်ကလတ်တစ်လုံးလျှင် ၃၇၀ကျပ်၊ ကြက်ဥသေးတစ်လုံးလျင် ၃၂၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ အောက်တိုဘာလတတိယပတ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၇၅၀၀ ကျပ် (၂၄) ပြည်ပါ တစ် အိတ်လျှင် ၁၈၀၀၀၀ ကျပ် ထိုင်းနှံကောက်ဆန်တစ်ပြည်လျှင် ၃၂၀၀ ကျပ် (၂၄) ပြည်ပါတစ်အိတ်လျှင် ၇၇၀၀၀ ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။