တောင်ငူမြို့နယ်၌ နွေစပါးများ ကောင်းမွန်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

                ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် စီမံကိန်းလျာထားနွေစပါးဧက (၁၉၂၇၁)ကျော် စိုက်ပျိုးမည်ဖြစ်ပြီး တောင်ငူမြို့နယ်ရှိ တောင်သူဦးကြီးများသည် ရိက္ခာဖူလုံစေရေး အတွက် မိုးစပါး၊ မတ်ပဲ၊ နွေစပါးများကို အဓိက အားထားစိုက်ပျိုးကြသည်။ တောင်ငူမြို့နယ်ရှိ စိုက်ပျိုးဧက များသည် သဘာဝပထဝီအနေအထားအရ ပသိဆည်ရေ၊ ကရင်ချောင်းဆည်ရေ၊ ကမ်းနီ ဆည်ရေ၊ ခပေါင်း ဆည်ရေ၊ စစ်တောင်းမြစ်ရေတင်များရှိခြင်းကြောင့် စိုက်ပျိုးရေးကိုများစွာ အထောက်အကူပြုနေပါသည်။

                    စိုက်ပျိုးမှုအနေဖြင့် ပသိဆည်ရေသောက် ၁၅၁၁ ဧက၊ ကရင်ချောင်းဆည်ရေသောက် ၆၁၆ ဧက၊ ကမ်းနီဆည်ရေသောက် ၁၃၃၉ ဧက၊ ခပေါင်းဆည်ရေသောက် ၁၂၆၀၈ ဧက၊ ကန်တိုကန် ဆည်ရေသောက် ၅၀ ဧက၊ စစ်တောင်းမြစ်ကြီးမှ ဆိုလာစနစ်ဖြင့် သဖန်းပင်မြစ်ရေတင်စီမံကိန်း ၂၀၀ ဧက၊ ပဲချက်ကုန်း(ဆိုလာ)ရေတင်စနစ်ဖြင့် ၁၆၀ဧက၊ ရွာတန်းရှည်(လျှပ်စစ်)စစ်တောင်းမြစ်ရေ စီမံကိန်းမှ ၃၀၀ ဧက၊ မြင်းစု(ဆိုလာ)ရေတင်စနစ်ဖြင့် ၅၀ ဧက၊ အင်းအိုင်များတွင် ၁၅၅၉ ဧက၊ စက်ရေတွင်းရေဖြင့် ၂၀၈ ဧက၊ ချောင်းပိတ်/တာတမံပိတ် ၁၃၂၁ ဧက၊ စုစုပေါင်း ၁၉၉၂၂ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဦးစီးဌာန၏စာရင်းများအရ သိရှိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေးစပါးအမှန်စိုက်ဧက (၂၀၀၃၀) ဧက စိုက်ပျိုးခဲ့သော်လည်း ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါး ရေပေးရာသီတွင် ဆွာဆည်မှ တောင်ငူမြို့နယ် DY-7 မြောင်းအား ရေပေးဝေနိုင်ခြင်းမရှိသဖြင့် (၇၅)ဧက လျော့နည်းရပြီး၊ မြို့ရှောင်မီးရထားလမ်းဖောက်လုပ်ရာတွင်ပါဝင်သွားသော နွေစပါးစိုက် ဧရိယာမြေ(၃၃)ဧကစုစုပေါင်း ယခင်နှစ်အမှန်စိုက်ဧကထက်(၁၀၈)ဧက လျော့နည်းသွားသော်လည်း၊ စိုက်ပျိုးထားသည့်နွေစပါးများ ကောင်းမွန်လျက်ရှိပါသည်။

             စပါးမျိုးအနေဖြင့် အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း()၊ နှံကောက်၊ ဆင်းသုခ၊ ရက် ၉၀ စပါးများကို အများဆုံးစိုက်ပျိုးကြပါသည်။ နွေစပါးသည်ဆည်ရေများကို အားထားစိုက်ပျိုးကြသော ကြောင့် နွေစပါးအတွက်ရေပေးနိုင်ရန် ဆည်ရေလုံလောက်စွာရှိကြောင်းလည်းသိရသည်။ နွေစပါး စိုက်တောင်သူဦးကြီးများအတွက် သွင်းအားစုများဝယ်ယူနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ဧကအလိုက်ချေးငွေများ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးသောကြောင့်တောင်သူဦးကြီးများအတွက်စိုက်ပျိုးစရိတ်သွင်းအားစုဝယ်ယူရန် များစွာအထောက်အကူပြုကြောင်းလည်း သိရသည်။ တောင်ငူမြို့နယ်တွင် နွေစပါးများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးထား ကြသည့်အတွက် ၂၀၂၆ခုနှစ်၊ မတ်လတွင်ရိတ်သိမ်းမှုစတင်မည်ဖြစ်ပြီး စိုက်ပျိုးပြီးသည့် နွေစပါးများ လည်းဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)