
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ် များရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားပြီး ရာသီအလိုက် သီးနှံ မျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် ပဲစဉ်းငုံသီးနှံများကို နှစ်စဉ် မိုးဦး ကာလဖြစ်သည့် ဇွန်လ၊ ဇူလိုင်လများတွင် မြေပဲ၊ နှမ်း၊ ပဲတီစိမ်းသီးနှံများနှင့် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် မိုးသီးနှံဖြစ်သော ပဲစဉ်းငုံနီများ စိုက်ပျိုးထွက်ရှိပြီး ဈေးကွက် အတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။ ပခုက္ကူခရိုင် အတွင်း ပဲစဉ်းငုံနီ စိုက်ဧကများအနေဖြင့် ပခုက္ကူမြို့တွင် (၄၈၈၆) ဧက၊ ရေစကြိုမြို့တွင် (၃၄၄၉) ဧက၊ မြိုင်မြို့တွင် (၁၃၅၄၅) ဧက၊ ပေါက်မြို့တွင် (၈၀၂၃) ဧကနှင့် ဆိပ်ဖြူမြို့နယ်တွင် (၄၃၅၉) ဧက၊ စုစုပေါင်း (၂၈၈၀၁) ဧက ပခုက္ကူခရိုင်အတွင်း စိုက်ပျိုး လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှသိရှိရပါသည်။
တစ်ဧက ကုန်ကျစရိတ်
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီ (၁) ဧက ကုန်ကျစရိတ်များ ကို ၂၀၂၂/ ၂၀၂၃/ ၂၀၂၄/ ၂၀၂၅/ ၂၀၂၆ ခုနှစ်များ၏ ကုန်ကျစရိတ်များကို နှိုင်းယှဉ်ကြည့်ရာတွင် ၂၀၂၂ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၂)သိန်းခန့်၊ ၂၀၂၃ ခုနှစ်တွင် မျိုး၊ သွင်း အားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၂.၇)သိန်းခန့်၊ ၂၀၂၄ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၃.၅)သိန်းခန့်၊ ၂၀၂၅ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း စရိတ် စုစုပေါင်း (၅)သိန်းခန့်၊ ၂၀၂၆ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၇)သိန်းခန့် ကုန်ကျပြီး၊ မြို့နယ်များ အနေဖြင့် တစ်မြို့နှင့်တစ်မြို့ သွင်းအားစုနှင့် ရိတ်သိမ်းစရိတ်များမှာ အနည်းငယ်ကွာခြားလျက်ရှိ သည့်အတွက် ယခုကုန်ကျစရိတ်များမှာ ပျမ်းမျှ ကုန်ကျစရိတ်များဖြစ်ကြောင်း သိရှိရပါသည်။
တစ်ဧက ထွက်ရှိမှု
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီ တစ်ဧကထွက်ရှိမှုများကို ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ်များ၏ ထွက်ရှိမှုများကို နှိုင်းယှဉ် ကြည့်ရာတွင် -
|
မြို့နယ် |
၂၀၂၂ ခုနှစ် |
၂၀၂၃ ခုနှစ် |
၂၀၂၄ ခုနှစ် |
၂၀၂၅ ခုနှစ် |
၂၀၂၆ ခုနှစ် |
|
ပခုက္ကူ ရေစကြို မြိုင် ပေါက် ဆိပ်ဖြူ |
၁၁ တင်း ၁၂ တင်း ၁၅ တင်း ၁၂ တင်း ၁၅ တင်း |
၁၂ တင်း ၁၃ တင်း ၁၆ တင်း ၁၃ တင်း ၁၆ တင်း |
၁၂ တင်း ၁၃ တင်း ၁၇ တင်း ၁၃ တင်း ၁၇ တင်း |
၁၁ တင်း ၁၅ တင်း ၁၇ တင်း ၁၃ တင်း ၁၆ တင်း |
၁၁ တင်း ၁၃ တင်း ၁၅ တင်း ၁၂ တင်း ၁၇ တင်း
|
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီ (၁) ဧက ထွက်ရှိမှုများကို နှိုင်းယှဉ်ကြည့်ရာတွင် မြို့နယ်အလိုက် ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝနှင့် မိုးရေချိန် ကွာခြားချက် ကြောင့် (၁)ဧက အထွက်တင်းများ မတူညီခြင်း၊ ထွက်ရှိမှုကို နှစ်အလိုက် နှိုင်းယှဉ်မှု ဇယားကို ကြည့် မည်ဆိုလျှင် အထွက်နှုန်းအနေဖြင့် သိသိသာသာ ကွာခြားမှုမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
ဈေးနှုန်းဈေးကွက်
ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စိုက်ပျိုးထွက်ရှိသော မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီများကို ဈေးနှုန်း၊ ဈေးကွက်နှင့် ရောင်းဝယ်မူ့ အချက်အချာကျသည့် ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် အရောင်းအ ဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ သည့် ဈေးနှုန်းများမှာ ၂၀၂၂/ ၂၀၂၃/ ၂၀၂၄/ ၂၀၂၅/ ၂၀၂၆ ခုနှစ်များ၏ ဈေးနှုန်းဈေးကွက်နှိုင်း ယှဉ်ချက် -
|
တစ်တင်းဈေးနှုန်း |
၂၀၂၂ ခုနှစ် |
၂၀၂၃ ခုနှစ် |
၂၀၂၄ ခုနှစ် |
၂၀၂၅ ခုနှစ် |
၂၀၂၆ ခုနှစ် |
|
အနိမ့် |
၄၂၀၀၀/- |
၆၀၁၀၀/- |
၁၂၅၆၀၀/- |
၈၉၄၀၀/- |
၉၈၄၀၀/- |
|
အမြင့် |
၄၃၈၀၀/- |
၆၇၃၀၀/- |
၁၃၃၈၀၀/- |
၉၆၆၀၀/- |
၁၀၂၅၀၀/- |
နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုကိုကြည့်မည်ဆိုလျှင် ၂၀၂၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း မှာ အမြင့်ဆုံးဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ကုန်သည်ပွဲစားများ၏ ပြောကြားချက်အရ ထိုနှစ်တွင် အဓိက အားထားတင်ပို့နေရသည့် အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းသဖြင့် သိသိသာသာ ဈေးနှုန်း အမြင့်ဖြင့် ရောင်းချခဲ့ရသည့်အတွက် စိုက်ပျိုးတောင်သူနှင့် ကုန်သည်ပွဲစားများပါမက နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ်တွင်လည်း ပဲစဉ်းငုံနီသီးနှံ အသစ်များ စတင် ဝင်ရောက်လာသည့်ဇန်နဝါရီလတွင် အမြင့်ဆုံး ကျပ်(၁၀၃၈၀၀)ဖြင့်အဖွင့်လှခဲ့ပြီး မြန်မာ့နှစ်သစ်ကူး ဧပြီလနောက်ပိုင်း၌ ၂၀၂၄ ခုနှစ် ဖြစ်ပေါ်ခဲ့သည့် အနိမ့်ဆုံးဈေး ကျပ်(၁၂၅၆၀၀)ထိ ရောက်နိုင်ကြောင်းနှင့် ဈေးကွက်အနေဖြင့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ပြီး ပြည်ပသို့ လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
