ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Oct 2024

         မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ ပုထိုးစမ်း၊ ကန်ပြား၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

24 Oct 2024

ငါးချဉ်၊ ငါးခြောက်ဟုဆိုလိုက်သည်နှင့် ပဲခူးဒေသထွက်ကုန်များဟု ပြေးမြင်မိသလို ပဲခူးနှင့် ငါးချဉ်၊ ငါးခြောက်ဆိုသည်မှာလဲ တွဲလျက်ပင်ဖြစ်ပါသည်။ ပဲခူးတွင် ငါးချဉ်၊ ငါးခြောက်ဆိုင်အများကြီးရှိသလို ငါးချဉ်ကို အကောင်ချဉ်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးကြင်းချဉ် စသည်ဖြင့် အမျိုးမျိုးလုပ်ရောင်းလေ့ရှိကြသည်။ ငါးချဉ်ဈေးကွက် တွင်ကျယ်လာသည်နှင့်အမျှ ရော

24 Oct 2024

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

24 Oct 2024

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ရွာတော်ကျေးရွာတွင် နေကြာသီးနှံစိုက်ဧက  ၁၅ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

24 Oct 2024

         မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသော ဒေသတစ်ခုဖြစ်ပြီး ပန်းမျိုးစုံလည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ဒေသတွင်းပန်းများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ပန်းမျိုးစုံတို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

Pages