ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Feb 2024

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမကွေးကုန်စည်ဒိုင်သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်‌‌ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

15 Feb 2024

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့တွင် ဆန်အများစုကို ကုန်းဇောင်းနှင့် မြောင်းမြတို့မှ အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

15 Feb 2024

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့ပေါ်ရှိ အမှတ်(၁၀)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာတော်၊ ပန်းတော်ပြင်၊  မယ်ဇလီတောကျေးရွာတို့တွင် စပျစ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

15 Feb 2024

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရုံးရပ်ကွက် တောင်ပိုင်း၊ ကွင်းအမှတ်(၈၆၁)- B၊ အင်းကွင်း၌ နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာ ရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ နွေစပါးများစတင်စိုက်ပျိုးလျက်ကြောင်းသိရှိရပါသည်။

15 Feb 2024

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဆီးသီး (အချဉ်မျိုး)ထွက်ရှိသည့် မိတ္ထီလာမြို့နယ်၊ သီးကုန်းကျေးရွာ၊ မုန်တိုင်ကျေးရွာ၊ သုံးအိုင်ကျေးရွာများသို့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့၊ နံနက်           ( ၁၀း၃၀)နာရီအချိန်တွင် သွ

Pages