
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးသည့် ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်တွင် ရောင်းချနေသော ရွှေဖရုံသီး ဈေးနှုန်းများမှာ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် တစ်စိတ်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်းအနေဖြင့် ဘူးသီး အလုံး (အကြီး) တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၁၅၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင် (၅၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)