
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိမိဒေသထွက်ကုန်များအပြင် အခြား ဒေသမှဝင်ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ ကိုရောင်းချလျက်ရှိသည့်အနက် အပွင့်ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ လက်ပန်ပွင့်ခြောက် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး၊ အလားတူပင် သရက်သီး ခြောက် ဈေးနှုန်းအနေဖြင့် သရက်သီးခြောက် တစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၂၃၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။
DOCA(စစ်ကိုင်း)