ပြည်တွင်းကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၉၀၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၆၁၅)ဧက၊စုစုပေါင်း(၆၄၅၈)ဧက စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် ခရိုင်အတွင်းရှိပဲတီစိမ်းများ ဖြိုင်ဖြိုင်ထွက်ရှိနေကြောင်း သိရှိရပါသည်။ ပဲတီစိမ်းကိုမျိုးအနေဖြင့် ကျောက်စ
မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံခရိုင်၊မတ္တရာမြို့နယ်သည် စီးပွားရေးအချက်အချာကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။မတ္တရာမြို့နယ်၏အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်၌ တစ်ပိဿာလျှင် ၆၄၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/521.jpg?itok=GyzJjUFb)
တောင်ငူမြို့ရှိ ဓာတ်မြေဩဇာဆိုင်များတွင် မြင်းပျံ၊ CP၊ MC အမှတ်တံဆိပ် ယူရီးယား(လုံးကြီး)ဓာတ်မြေဩဇာများနှင့် အာမိုအမှတ်တံဆိပ် ယူရီးယား(လုံးသေး)ဓာတ်မြေဩဇာများမှာ ၂၀၂၃ခုနှစ်၊ မေလဆန်း၌ တစ်အိတ်လျှင် ၈၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် ၈၆၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/520.jpg?itok=PmP7NNVZ)
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၃၁.၅. ၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၆.၆.၂၀၂၃)ရက်နေ့တွင် ကျပ်(၃၀၀၀၀၀မှ၃၂၀၀၀၀)ရှိခဲ့၍ ကျပ်(၂၀၀၀၀မှ၂၅၀၀၀)ဈေးမြင့်တက်ခဲ့ပြီး (၁၃၅၀)အိတ် အရောင်းအဝယ် ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။