ပြည်တွင်းကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိပြီး မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက် ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

22 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

22 Jul 2025
ဒညင်းသီးပင်ကို ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ် တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူးစားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း

22 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ငပိကို အဓိကထားလုပ်ကိုင်လျက် ရှိပါသည်။ ငပိကို ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ် နယ်

22 Jul 2025
မြိတ်မြို့နယ်စျေးကွက်အတွင်းရှိ မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ကြက်သွန်ဖြူကို နေရာအနှံ့ အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှ တစ်ဆင့်ပြန်လည်ရောင်းချသူများ ပုံမှန် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

