သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးကွက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်)တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၁၅၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၁၂၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိသာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၄၀၀/၅၀၀/၇၀၀)ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ငရုပ်သီးစိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀) နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)