ကော့သောင်းမြို့ရှိ ရာသီစာ မင်ဂွတ်သီးစျေးနှုန်း

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ရှိ ကျေးရွာများသည် ဥယျာဉ် ခြံလုပ်ငန်းကို အများစုလုပ်ကိုင်ကြပါသည်။ ရာဘာ၊ ကွမ်းသီး၊ ဒူးရင်း၊ နာနတ်၊ မင်ဂွတ် သီး၊  ကြက်မောက်သီး စသည့် သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မင်ဂွတ်သီးသည် အခြားသီး နှံနှင့် နှိုင်းယှဉ်ပါက အရင်းအနှီးများသည့် သီးနှံတစ်မျိူးဖြစ်ပါသည်။

   မင်ဂွတ်သီးသည် လူတိုင်းကြိုက်သည့် အသီးတစ်မျိူးဖြစ်ပြီး ချိူချိုချဉ်ချဉ် အရသာရှိသော ကြောင့် လူတိုင်းကြိုက်ကြသည့် အသီးဖြစ်ပြီး ဒူရင်းသီးစားပြီး မင်ဂွတ်သီးကို စားလျှင် အအီပြေ စေပြီး အပူငြိမ်းသည့် အသီးမျိုးလည်းဖြစ်ပါသည်။ ဒူရင်းသီးနှင့် မင်ဂွတ်သီးကို တွဲဖက်စားသုံးလေ့ ရှိကြသည်။

   ကော့သောင်းမြို့နယ်ရှိ သစ်သီးဝလံရောင်းချသည့် ဆိုင်များတွင် ရောင်းချနေသော မင် ဂွတ်သီးစျေးနှုန်းမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ဦးဆုံးပတ်တွင် တစ်လုံးလျှင် ၂၀၀-၂၅၀ ကျပ် တစ်ကီလို လျှင် ၃၀၀၀ ကျပ် အထိ အရောင်းဝယ်ကောင်းလျက်ရှိကြောင်း ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)