ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jun 2023

     မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိရိုးဖလာ လယ်ယာလုပ်ငန်းအပြင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့ စားသုံးမှုများပြား၍ ဈေးကွက် အခိုင်အမာရှိသော အာဟာရဓာတ်များစွာပါဝင်သည့် နှစ်ရှည်ခံသီးနှံစားပင်တစ်မျိုးဖြစ်သော  ပိန္နဲပင်များကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။

09 Jun 2023

     တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဆီကုန်သည်အသင်းမှ အရောင်းဈေးကားသည် (၃၁-၅-၂၀၂၃) ရက်နေ့တွင် တောင်ငူမြို့သို့ ရောက်ရှိပြီး အမှတ်၂၂ရပ်ကွက်ရှိ ရေခဲလမ်းနှင့် ဝက်ကုန်းဈေးများတွင် ရောင်းခ

09 Jun 2023

      မြေပဲသည် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသောဆီထွက်သီးနှံဖြစ်ပါသည်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနှင့် ကိုင်းကျွန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မိုးဦးစိုက် ပင်ထောင်/ပင်ပြန့်စိုက်ဒေသများတွင် မေလဆန်းမှ ဇွန်လ၊ ပထမအပတ်အတွင်း၊ မိုးနှောင်း သီးထပ်စိုက်ဒေသများတွင် စက်တင်ဘာလဆန်းမှ အောက်တိုဘာလ၊ ပထမအပတ်အတွင်း ကိုင်းကျွန်

08 Jun 2023

      ၂၀၂၃ခုနှစ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်၊ စည်ပင်သာယာဈေး၌ ဧပြီလ၊ နောက်ဆုံးအပတ်တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၃၅၀) ကျပ်မှ (၄၀၀) ကျပ်ထိ၊ မေလ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၄၅၀) ကျပ်မှ (၅၀၀) ကျပ်ထိ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယခုမေလ၊ နောက်ဆုံ

08 Jun 2023

    လက်ပံတန်း၊ မြို့မဈေးအတွင်း၌ အများဆုံးရောင်းချလျက်ရှိသော ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခူ၊ ငါးကျည်း စသည့်ငါးများ၏ လက်လီရောင်းချပေးသောဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ထိ ငါးကြင်း(ဖြူ)တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ငါးခူ၊ ငါးကျည်းတစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ကျပ်မှ ၁၆၀၀ကျပ်ထိဖြ

Pages