
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး နှစ်ရှည်ပင်ဖြစ်သော သရက်သီးနှံကိုလည်း ဥယျာဉ်ခြံမြေများ၊ အိမ်ဝန်းအတွင်း ရှိ စည်းရိုးတန်းများ၊ လယ်ယာမြေကွက်များတွင် အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် အစေ့မှ တစ်ဆင့် ရရှိသောပျိုးပင်နှင့် ခေတ်မီနည်းစနစ်ဖြင့် ကိုင်းကူး၍ရရှိသောပျိုးပင်ကို စိုက်ပျိုးကြသည်။ ဒေသတွင်းဝယ်ယူစားသုံးမှုများသော စိန်တလုံးနှင့်မီးချိတ်သရက်သီးမျိုးကို အများဆုံးစိုက်ပျိုး ကြောင်း၊ စိန်တလုံးသရက်သီးများမှာ ဧပြီလဆန်းမှ လှိုင်လှိုင်ထွက်ပေါ်ပြီး မေလဆန်းတွင် အထွက် နှုန်းလျော့နည်းသွားပြီး ဈေးကွက်သို့ သရက်သီးဝင်ရောက်မှု လျော့နည်းလာကြောင်း၊ ယခုအချိန် တွင် မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသောပတ္တမြားငမောက်သရက်သီးများ ဈေးကွက်သို့ ဝင်ရောက်လာကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနေဖြင့် ပတ္တမြားငမောက်သရက်သီး တစ်လုံးလျှင် အရည်အသွေးနှင့် အကြီးအသေးလိုက်၍ ဈေးအမျိုးမျိုးရှိပြီး အလုံးလှတစ်လုံးလျှင် ကျပ်(၂၀၀၀-၁၅၀၀)၊ ပုံမှန်တစ်လုံးလျှင် ကျပ်(၈၀၀-၇၀၀)ဈေးဖြင့် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်ကြောင်း၊ ပတ္တမြားငမောက်သရက်သီးမှာ အချိုဓါတ်လျော့နည်းခြင်းကြောင့် စားသုံးမှုများ ကြောင်း သိရှိရသည်။
DOCA(မကွေး)