ပြည်တွင်းကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ နွေရာသီအချိန်အခါတွင် ချွေးထွက်လွန်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နေရထိုင်ရငြီးစီစီဖြစ်ခြင်းစသည်တို့ကို ခံစားနေရသည်မှာ လူတိုင်း နီးပါးပင်ဖြစ်သည်။ ဤကာလအတွင်း စိတ်လက်တက်ကြွရွှင်လန်းစေရန် လိုအပ်သောအရာမှာ ရေဓါတ်ပြည့်ဝရန်သာဖြစ်သည်။ သို့ဖြစ်ပါ၍ အညာနွေနေပူပူတွင် ရေဓါတ်ဖြည့်တင်းနိ
ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် နှင်းဆီပန်းများ စိုက်ပျိုး ထားရှိသဖြင့် သွားရောက်၍ လေ့လာခဲ့ရာ စိုက်ပျိုးသည့် နှင်းဆီပန်းမျိုးမှာ ကျောက်စိမ်းနီမျိုးဖြစ်ပြီး မိုးဦးကျတွင်စတင်စိုက်ပျိုးကြောင်း သိရပါသည်။
ယခုရာသီတွင် ပြည်မြို့ Electronic ဈေးကွက်၌ လေအးပေးစက်အမျိုးမျိုး၊ ပန်ကာအမျိုးမျိုး အရောင်းအဝယ်သွက်နေခဲ့ကြောင်း လေ့လာသိရှိရပါသည်။
တောင်ငူမြို့ ညောင်ပင်ဈေးတွင် မွန်ပြည်နယ်၊ မော်လမြိုင်ဒေသမှ ဒညင်းသီးများ ဝင်ရောက်လျက်ရှိပါသည်။
တောင်ငူမြို့သို့ ဒေသအသီးသီးမှ ရာသီအလိုက်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရသော်လည်း နောက်ပိုင်းလှိုင်လှိုင်ပေါ်လာပါက ဈေးနှုန်းကျဆင်းလာပါသည်။