ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၃ုခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၇၂၀၀)ဖြင့် အိတ်(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၉၃၀၀)ဖြစ်၍ ကျပ်(၂၁၀၀)ဈေးမြင့်တက်ခဲ့ပြီး တစ်ရက်ကို အိတ်(၁၃၀)ခန့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ခဲ့ပါသည်။
ကရင်ပြည်နယ် ၊ သံတောင်မြို့နယ် ၊ ပိန်းထီလာရွာတွင် လိုင်ချီးသီးများ စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော လိုင်ချီးသီးများကို တောင်ငူမြို့အတွင်း ဖြန့်ဖြူးရောင်းချနေ ပါသည်။ လိုင်ချီးသီးကို ဈေးကွက်တွင် တစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ် ရောင်းချလျက်ရှိပါသည်။ လိုင်ချီးသီးတွင် ရေဓာတ်နှင့် အာဟာရဓာတ်များစွာပါဝင်ပါသည်။ လိုင်ချီး သီးတွင် က
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့တွင် ကျောက်ကြီးဒူးရင်းသီးများ လှိုင်လှိုင်ပေါ်၍ စျေးကောင်းရရှိလျက်ရှိပါသည်။ ဒူးရင်းသီးပေါ်ချိန်တွင် ကျောက်ကြီးဒူးရင်းသီးသည် နာမည်တစ်လုံးဖြင့် ရပ်တည်ခဲ့သည်မှာလည်း ဆယ်စုနှစ်တစ်ခုရှိနေပြီး ဖြစ်ပါသည်။ ကျောက်ကြီး ဒူးရင်းသီးတွင် ကိုင်းဆတ်သီး၊ ပင်ပျိုသီး၊ ကျောက်စိမ်းသီးဟူ၍ အမျ
ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မေလတွင် မတ်ပဲစျေးနှုန်းများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရပါသည်။ ယခင်လတွင် မတ်ပဲတစ်တင်း (၅၀၀၀၀)ကျပ်ခန့် ဝန်းကျင်ရှိ၍ ယခုလတွင် မတ်ပဲတစ်တင်းကို (၇၁၀၀၀)ကျပ်ခန့် မြင်တက်လာသည်ဟု သိရပါသည်။ ယခုနှစ် မတ်ပဲသည် တစ်ဧကကို တင်း (၂၀ မှ ၂၅) ထိထွက်သည်ဟု သိရပါသည်။ အရင်နှစ်ထက် အထွက်
ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်ရာဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ပခုက္ကူမြို့သို့ ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။