
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒိန်ညှင်းသီး နှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
မင်းဂွတ်သီးပင်ကို အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံး စိုက်ပျိုးခဲ့ကြတာလို့သိရပါသည်။ ထိုင်း၊ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးလာကြတာဖြစ်ပြီး မင်းဂွတ်သီးကဆေးဘက်ဝင်အသီးတစ်မျိုးလည်းဖြစ်၍ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်ခြင်း၊ အူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်ခြင်း၊ ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း၊ အရေပြားကျန်းမာစေခြင်း၊ ကိုယ်ခံအား မြှင်တင်ပေးနိုင်ခြင်းနှင့် ဝမ်းကိုက်ရောဂါကို သက်သာစေနိုင်ခြင်း စသည့် ကျန်းမာရေးတွေအတွက် အထောက်အကူ ဖြစ်စေသည်ကို လည်းသိရှိရပါသည်။ ထို့နောက် ကြက်မောက်သီးမှာ အဟာရဓါတ် များစွာပါဝင်သည့်အတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မင်းဂွတ်သီး ဈေးနှုန်းများမှာ မင်းဂွတ်သီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ မင်းဂွတ်သီး အလတ်(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် မင်းဂွတ်သီး အသေး(၁)လုံးလျှင်(၃၅၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ကြက်မောက်သီး ဈေးနှုန်း အနေဖြင့် ကြက်မောက်သီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုးလျှင်(၃)လုံးနှင့် ကြက်မောက်သီး အသေး တစ်လုံးလျှင် (၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုးလျှင် (၄)လုံးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)