မြိတ်မြို့ပေါ်ရှိထောပတ်သီး‌ဈေးကွက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်တွင် ဒေသထွက်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောလူသုံးကုန်၊စားသောက်ကုန်များ အများအပြားရောင်းချလျက်ရှိသည်။ ထိုသို့ရောင်း ချရာတွင် Hass မျိုး ထောပတ်သီးသည်လည်း အ‌ရောင်းသွက်လျက်ရှိသည်။ ဗီတာမင်နှင့်အဆီဓာတ် များပါဝင်ပြီး အရိုးများသန်မာစေသော အာနိသင်များပါဝင်သည်။  ကျန်းမာ‌ရေးအတွက် အကျိုးကျေးဇူးများစွာပါရှိပြီးအဆီများလည်း ပါဝင်သောကြောင့်  တစ်နေ့လျှင်တစ်လုံးသာ စားသင့်သည်။ Hassထောပတ်သီးသည် အသားထူပြီး အမျှင်လုံးဝမပါဘဲ အရသာမှာ စေးပြီးအိအိဆိမ့်ဆိမ့်လေးရှိပြီး အလွန်ပင်စားကောင်းပါသည်။

    ၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင်ရောင်းချနေသော Hassထောပတ် ဈေးနှုန်းမှာ ၅လုံး၆လုံးပါသော ဆိုဒ်ကြီး Hassထောပတ်သီး တစ်ကီလိုလျှင် (၉၀၀၀)ကျပ်ရှိပြီး ၉လုံး၁၀လုံးပါသော ဆိုဒ်ငယ်Hassထောပတ်သီး တစ်ကီလိုလျှင် (၇၀၀၀)ကျပ်ရှိကြောင်း သစ်သီးရောင်းချနေသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)