ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Jun 2024

           ၂၀၂၄ခုနှစ် ဇွန်လတတိယပတ်တွင် ပြည်မြို့၏ကုန်စိမ်းဈေးကွက်တွင် ဗုံလုံသီးများ စတင်၍ ရောင်းချလျက်ရှိပါသည်။ ပြည်မြို့အနီးတဝိုက်ဖြစ်သော မှော်ဇာရွာ၊ တောင်ခွေးရဲရွာနှင့် အင်းမ၊ ဝက်ပုတ်၊ ပုတီးကုန်းဒေသမှ နှစ်စဉ်စိုက်ပျိုးထွက်ရှိပြီး ရန်ကုန်သို့ အဓိကထား တင်ပို့ရောင်းချကြပါ သည်။ ကား၊ ရထားတို့ဖြင့်လည်း တင်ပို့ရောင်းချကြ၍ အသေး၊ အကြ

25 Jun 2024

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝန်ရအုပ်စုရှိ ကံကုန်းကျေးရွာတွင် မိုးနှမ်းကိုကျဲပက်စနစ်ဖြင့် တန်ခူးလတွင်တောင်သူ(၇၀)ဦးမှ စိုက်ဧက(၁၅၀)ဧကစိုက်ပျိုးထားရာ ဝါဆိုလတွင်ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

25 Jun 2024

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဒေါ်ခင်နွဲ့၏ သခွားသီးစိုက်ခင်းသို့ (၂၀.၆.၂၀၂၄)နေ့ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။

25 Jun 2024

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးများ စိုက်ပျိုးထွက်ရှိကြောင်းသိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၆.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။

25 Jun 2024

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝန်ရအုပ်စုရှိ ကံကုန်းကျေးရွာတွင် တောင်သူ(၁၀၀)ခန့်မှ စိုက်ဧက(၃၅၀)ဧကတွင် ပဲတီစိမ်းကိုကဆုန်လတွင်စတင်ကာ ထွန်ကြောင်း ဆွဲအစေ့ချစနစ်နှင့် ကျဲပက်စနစ်ကိုအသုံးပြုပြီး စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

Pages