
မြန်မာနိုင်ငံတွင် ရာသီအလိုက်တွေ့ရပြီး အလွယ်တကူ စားသုံးနိုင်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည့် ဘူးညွှန့်သည် အရသာနှင့်အတူ ကျန်းမာရေးအတွက်လည်း အကျိုးရှိသော အစား အစာတစ်မျိုးဖြစ်ပါသည်။
ဘူးညွှန့်တွင် ဖိုင်ဘာဓာတ်များစွာပါဝင်ခြင်းကြောင့် အစာခြေစနစ် ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းဖြစ်ပွားမှုကို လျော့နည်းစေကြောင်း ကျန်းမာရေးအတွက် အထောက်အကူပြုနိုင် သည်ဟုဆိုသည်။ ထို့အပြင် ကယ်လိုရီနည်းပါးပြီး ဗီတာမင် B အုပ်စု၊ ဗီတာမင် C နှင့် ပိုတိုစီယမ်၊ မဂ္ဂနီဆီယမ်စသည့် သတ္တုဓာတ်များပါဝင်သဖြင့် ကိုယ်ခန္ဓာလိုအပ်သော အာဟာရဓာတ်များကို ပေးစွမ်းနိုင်ပါသည်။
ကျန်းမာရေးပညာရှင်များ၏အဆိုအရ ဘူးညွန့်ကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးနှင့် သွေးကြော ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး သွေးဖိအားမြင့်မားခြင်းကိုလည်း လျော့နည်းစေတတ် သည်ဟုသိရသည်။ သကြားဓာတ်နည်းပါးသဖြင့် ဆီးချိုရောဂါရှိသူများအတွက်လည်း သင့်လျော် သော အစားအစာတစ်မျိုးဖြစ်ကြောင်း ပြောကြားထားကြသည်။
သို့သော် ဘူးညွှန့်ကို စားသုံးရာတွင် သတိထားရမည့် အချက်တစ်ချက်အနေဖြင့် လတ်လတ် ဆတ်ဆတ် မချက်ပဲ အစိမ်းစားသုံးခြင်းသည် သဘာဝအဆိပ်ဓာတ် အနည်းငယ်ပါဝင်နိုင်ပြီး စားသုံး မည်ဆိုပါက ရေဆူထဲတွင် ကောင်းစွာကျက်အောင် ပြုတ်ပြီးမှသာစားသုံးရန် လိုအပ်ပါသည်။
လားရှိုးမြို့တွင်ရောင်းချနေသော ဘူးညွှန့်ဈေးနှုန်းများမှာ တစ်စည်းလျှင် (၅၀၀ - ၁၀၀၀) ကျပ် နှုန်းခန့် ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။ အရသာရှိပြီး ကျန်းမာရေးအတွက် ဘက်စုံ အထောက် အကူပြုတဲ့ ဘူးညွန့်ဟာ နေ့စဉ်ထမင်းဝိုင်းအတွက်သင့်တော်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပင် ဖြစ်ပါသည်။
DOCA(ရှမ်း)
