ကြက်ဟင်းခါးသီး စျေးအနည်းငယ်ကျဆင်း

Powered by Drupal

        မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ကြက်ဟင်းခါးသီးများ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ကြက်ဟင်းခါးသီးစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ မန္တလေးကုန်စိမ်း စျေး အတွင်း ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ကြက်ဟင်းခါးသီး (အလုံးကြီး) တစ်ပိဿာလျှင် လက္ကားစျေး ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊ လက်လီစျေး  ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်စျေး၊ ကြက်ဟင်းခါးသီး (ဗမာသီး)တစ်ပိဿာလျှင်  လက္ကား‌စျေး၆၀၀၀ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀)စီးနှင့်(၆၀)စီး အကြားဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)