ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်းကျေးရွာတွင် ‘ဝ’ ဥများ စမ်းသပ် စိုက်ပျိုးလျက်ရှိပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီကြော်မုန့်လုပ်ငန်းများနှင့် ပဲကြော် လုပ်ငန်းများ လုပ်ကိုင် လျက်ရှိပါသည်။ ထိုလုပ်ငန်းများထဲတွင် စာကလေးခွေကြော် (ခေါ်)ပဲချောင်းခွေကြော် လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ စာလေးခွေဆီကြော်မုန့် ပြုလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်း ပစ္စည်းများမှာ ကုလားပဲမှုန့်၊ ကော်မှုန့်၊ စားအုံးဆီနှင
တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် ယခုအပတ်တွင် အာလူး ဂေါ်လီစ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၁၉၀၀ ကျပ်၊ အသေးတစ်ပိဿာလျှင်၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၂၆၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ် မြင့်တက်လာပါသည်။
တောင်ငူမြို့ရှိ ဈေးများတွင် တောင်ငူမြို့နှင့်အနီးတဝိုက်မှ ရာသီပေါ်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ဒေသထွက်နဂါးမောက်သီးများမှာ အကြီးတစ်လုံးလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၅၀ ကျပ်ရှိပြီး အသေးသုံးလုံး ဝယ်ပါက ၁၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
နေပြည်တော် နိုဝင်ဘာလ ၁၃