
ပြည်ဈေးကွက်အတွင်းရောင်းချနေသော နံနံပင်များကို ပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်သော ရွှေတောင်နှင့် မှော်ဇာမြို့နယ်တို့မှ ဝင်ရောက်လျှက်ရှိကြောင်းသိရှိရပါသည်။ ယခုမေလကုန်တွင် မိုးရွာသွန်းမှုများသောကြောင့် နံနံပင်များရေမြုပ်သဖြင့် နံနံပင်ခင်းများ အထွက်နှုန်းနည်းနေကြောင်း သိရှိရပါသည်။ ယခင်က နံနံပင် တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့် ဝယ်ယူခဲ့ရသော်လည်း ယခုလကုန်ရက်ပိုင်တွင် နံနံပင် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ဈေးမြင့် ဝယ်ယူနေရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)