
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ သခွပ်ပွင့်ခြောက် များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေ သည့် သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်နှင့် လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချ လျက်ရှိပြီး သခွပ်ပွင့်သည် လူကြိုက်များပြီး ဆေးဘက်ဝင်သော အပွင့်တစ်မျိုးဖြစ် သည့်အတွက် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Doca(စစ်ကိုင်း)