ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာတွင် နွေနှမ်းကို တောင်သူ(၇၀)ဦးမှာ ဧက(၃၀၀)ကျော်ကို ၂၀၂၄ခုနှစ်၊ ဧပြီလတွင်ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် ဆည်ရေကိုအသုံးပြုကာ စိုက်ပျိုးကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာတွင် ဧရာပဒေသာစပါးကို တောင်သူ(၅၀)ဦးမှာ ဧက(၂၅၀)ကျော်ကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)၌ ပျိုးထောင်စနစ်နှင့် ကြဲပက်စနစ်ဖြင့် ဆည်ရေကိုအသုံးပြုကာ စိုက်ပျိုးထားကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့်ဆေးဘဲဥများကို မကွေးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာအုပ်စုရှိ မအူလေးပင်ကျေးရွာသည် စပါး၊ ကုလားပဲနှင့် နှမ်းစသည့်သီးနှံများကို နှစ်စဉ်စိုက်ပျိုးကြကြောင်းသိရပါသည်။