
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာအတွင်းတွင် ကျွဲကောသီးနှင့် ထိုင်ဝမ် ဗောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။မော်လမြိုင်ဒေသထွက် ကျွဲကောသီးနှင့် ထိုင်ဝမ် ဗောက်သီးများကို ပြင်ဦးလွင်ဒေသထွက်ရှိသော သီးနှံများဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချနေသော ကျွဲကောသီးနှင့် ထိုင်ဝမ်ဗောက်သီးဈေးနှုန်းမှာ ကျွဲကောသီး တစ်လုံးလျှင်(၆၀၀၀)ကျပ်၊ အလားတူ ထိုင်ဝမ်ဗောက်သီး ၅၀ကျပ်သား (၁၀၀၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၂၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သီးနှံမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
