
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရွှေဖရုံသီး များ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ရာသီစာသီးနှံများရောင်းချလျက်ရှိရာ ရွှေဖရုံသီးကို မိမိတို့ ဒေသတွင်း ထွက်ရှိသည့် သီးနှံများကိုရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ တတိယအပတ်အတွင်း ရောင်းချနေသော ရွှေဖရုံသီးဈေးနှုန်း များမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၉၀၀)ကျပ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)
